မံစီ၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေး ဆွေးနွေးပွဲကျင်းပ

မံစီ  ဩဂုတ်  ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေး ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသန့် တို့က အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်() ဦးခင်မောင်မြင့်က လုပ်ငန်းအကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဗန်းမော်ဂရုဏာ လူမှုစည်းလုံးညီညွှတ်ရေးအသင်းမှ ဒေါ်ထွယ်နူးအောင်က မြို့နယ်အတွင်း အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအတွက် မိမိတို့အသင်းမှ ကူညီပံ့ပိုးခြင်းနှင့် စပ်လျဉ်း ရှင်းလင်း ပြောကြားပြီးနောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

အာဟာရဖွံ့ဖြိုးရေးကို မြို့နယ်အတွင်း ပြည်သူများ ပိုမိုသိရှိနားလည်ကာ ပါဝင်ဆောင်ရွက်မှု အားကောင်းလာစေရန်အတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများကို ဩဂုတ် ၁၈ ရက်နေ့တွင် မံစီမြို့တော်ခန်းမ၊ နမ်မဖွဲကျေးရွာနှင့် ဟန်ထက်ကျေးရွာတို့တွင် ဆောင်ရွက် သွားမည်ဖြစ်ပြီး အစာအာဟာရအုပ်စု ()အုပ်စုပါဝင်သည့် အာဟာရချက်ပြုတ်နည်း သရုပ်ပြခြင်း၊ အသက် လမှ နှစ် အရွယ်ကလေး မိခင် ၁၅ ဦးကို ဖိတ်ကြားပြီး ကျန်းမာရေး နှင့်ပတ်သက်သည့် အသိပညာပေး လှုပ်ရှားမှုများ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရိန်(ပြန်/ဆက်)