နတ်မောက် သြဂုတ် ၁၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ နတ်မောက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဇူလိုင်(၂၅)ရက် မှ သြဂုတ်(၁၄)ရက်နေ့အထိ ပထမအကြိမ် ကပ်ထားကြေညာထားရာတွင် လာရောက် ကြည့်ရှုသူ ဦးရေ( ၆၈၃၀၉ )ဦးခန့် ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် မဲစာရင်း၌ အမည်စာရင်းမပါရှိ၍ ပုံစံ(၃)ဖြင့် လာရောက်လျှောက်ထားသူ (၅၂၂)ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်နေ၍ ပုံစံ(၄)ဖြင့် လာရောက်ကန့်ကွက်သူ (၃၃၅)ဦး၊ မဲစာရင်းတွင် ကိုယ်ရေးအချက်အလက်များ မှားယွင်းနေသဖြင့် ပြင်ဆင်ရန် ပုံစံ(၄-ဂ)ဖြင့် လာရောက်လျှောက်ထားသူ (၅၇၆)ဦးရှိကြောင်း သိရှိရသည်။
နတ်မောက်မြို့နယ် ရပ်ကွက်( ၇ )ရပ်ကွက်တွင် လက်ရှိအချိန်အထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၈၉၀၀၀) ဦးခန့်ရှိပြီး တိုင်းရင်းသားမဲရုံ (၅)ရုံအပါအဝင် မဲရုံပေါင်း( ၂၈၃)ရုံရှိကြောင်း မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးအတွင်းရေးမှူးထံမှသိရသည်။
လှဝင်း( နတ်မောက်)