ကမမောင်း အောက်တိုဘာ ၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်းစေရန်နှင့် ရောဂါကွင်းဆက် ပြတ်တောက် နိုင်ရေးနှင့် မိဘပြည်သူများအား ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မရှိစေရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) တစ်ကြိမ်မျှ မထိုးနှံရသေးသည့် ပြည်သူများအား ဒုတိယအုပ်စုအနေဖြင့် first dose ထိုးနှံနိုင်စေရေး နှိုးဆော်ခြင်းများကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် (၃) ရပ်ကွက် ရာအိမ်မှူးနှင့် အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ နှိုးဆော်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန် ချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရေး အချက်များ၊ မဖြစ်မနေ အရေးကြီးကိစ္စများ၊ သွားလာရာ၌ ပါးစပ်နှင့်နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာနိုင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် အညီဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါ ပြန့်ပွားမှုအား အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်နှင့် ဒုတိယအုပ်စုအဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကိုထိုးနှံနိုင်ရေး အချိန်၊ နေ့ရက်နှင့် ထိုးနှံပေးမည့် နေရာများအား ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပေးတိုက်တွန်းနှိုးဆော်ချက်များကို စကောကရင်၊ မြန်မာဘာသာတို့ဖြင့် ကြေငြာပေးခဲ့ကြောင်း သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)