ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့်   ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

ကော့သောင်း  အောက်တိုဘာ ၆

ကော့သောင်းခရိုင် ၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို  ကိုဗစ်-၁၉ရောဂါထိန်းချုပ်မှုလုပ်ငန်းစည်းကမ်းချက်များနှင့်အညီ  စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ ဇာဒက်ကြီးကျေးရွာ အုပ်စု၊ ဇာဒက်ကြီးကျွန်း၊ တလွန်းဆလုံတိုင်းရင်းသားကျေးရွာအတွင်း ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြကြောင်းသိရသည်။

လက်ရှိကူးစက်ဖြစ်ပွားလျှက်ရှိသည့် ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်အကြံပြုချက်များနှင့်အညီ ကော့သောင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)ပြည့်ပြီး မိသားစုဝင်များ၊နှင့်အသက်(၁၈)နှစ်ပြည့်ပြီးသူများ၊ အကြောင်းအကြောင်းကြောင့် နိုင်ငံသားကတ်ပြား ပျောက်ဆုံးပျက်စီးသူများ၊  နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ရန်ကျန်ရှိ သေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား ဆောင်ရွက်ပေးလျှက်ရှိရာ အောက်တိုဘာလ(၅)ရက်နေ့နံနက်ပိုင်းက ဆလုံတိုင်းရင်းသားအများစုနေထိုင်ရာ ဇာဒက်ကြီးကျွန်းရှိ တလွန်းဆလုံကျေးရွာမှ ဆလုံတိုင်းရင်းသားမိသားစုဝင်များအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြခြင်း ဖြစ်ကြောင်းသိရသည်။

နိုင်ငံတစ်ဝှမ်း  အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ် မရှိသေးသော ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် (၁၈) လကြာ အချိန်ယူကာ ဆောင်ရွက် ပေးလျှက်ရှိရာ ကော့သောင်း မြို့နယ်အနေဖြင့် ရပ်ကွက်ကျေးရွာများအပါအဝင် စက်ရုံ၊အလုပ်ရုံများ ၊စိုက်ပျိုးရေး လုပ်ငန်းခွင်များနှင့် ဝေးလံခေါင်ဖျားပင်လယ်ကျွန်းများပေါ်ရှိ တိုင်းရင်းသားကျေးရွာများအထိ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်းလည်းသိရသည်။

ကျော်စိုး (ကော့သောင်း)