မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက် ပြည်သူများနှင့်ဦးတည်အုပ်စုများမှ ပြည်သူ(၆၃၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ်(ပထမအကြိမ်)ထိုးနှံပေး

မုံရွာ၊ အောက်တိုဘာ ၆

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများမှ ပြည်သူများ အား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခြင်းကို အောက်တိုဘာလ (၅)ရက်၊ နံနက်(၉)နာရီမှနေ့လယ်(၁)နာရီအထိ တက္ကသိုလ်ဓမ္မာရုံတွင် ကျား (၆၉)ဦး၊ မ(၉၆)ဦး၊ ပေါင်း(၁၆၅)ဦး၊ အမက(၂၉)၊ မုံရွာတောင်ရပ်ကွက်တွင် ကျား(၂၇)ဦး၊မ(၂၈)ဦး၊ပေါင်း(၅၅)ဦး၊ ရွှေစည်းခုံသာသနာ့ဗိမ္မာန်တော်တွင် ကျား (၈၃)ဦး၊ မ(၉၇)ဦး၊ ပေါင်း(၁၈၀)ဦး နှင့် အထက(၂)တွင် ကျား(၈၃)ဦး၊ မ(၁၄၇)ဦး၊ ပေါင်း(၂၃၀)ဦး စသည့် သတ်မှတ်နေရာ(၄)ခုတွင် ကျား(၂၆၂)ဦး၊ မ(၃၆၈)ဦး၊ ပေါင်း(၆၃၀)ဦးတို့အား ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးတတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို   မုံရွာမြို့နယ်အတွင်းမှ ပြည်သူများအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်းကာ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။

 

မုံရွာ