မအူပင်ခရိုင်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ သတ္တမနေ့စစ်ဆေး

မအူပင်  ဩဂုတ်  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့နံနက် ၁၀ နာရီမှ စတင်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မအူပင်ခရိုင်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်တင်သွင်းလွှာများ စိစစ်ခြင်းကို မအူပင်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွင် ပြုလုပ်ခဲ့သည်

လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်တင်သွင်းလွှာများ ဆဌမနေ့အဖြစ် စစ်ဆေးခြင်းကို မအူပင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်(၁၀)ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်တင်သွင်းလွှာ တင်သွင်းသူ(၁၁)ဦးတို့၏ ရှေ့မှောက်တွင် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းအလိုက် အမည်စာရင်းတင်သွင်းလွှာတွင် ဖော်ပြထားသော အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ မွေးသက္ကရာဇ်တို့ မှန်ကန်ခြင်း ရှိ/မရှိ၊ မူရင်းများ တင်ပြနိုင်မှုနှင့် မြန်မာနိုင်ငံတွင် တစ်ဆက်တည်း ၁၀ နှစ် နေထိုင်ခြင်း ရှိ/မရှိများကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လွှတ်တော် ရွေးကောက်ပွဲ ဉပဒေ၊ နည်းဥပဒေ ပြဌာန်းချက်များအတိုင်း စိစစ်ခဲ့သည်။

အဆိုပါ လွှတ်တော် ကိုယ်စားလှယ်လောင်း စိစစ်ခြင်းကို ဩဂုတ်လ ၁၁ ရက်နေ့မှ နေ့အထိ စိစစ်သွားမည်ဖြစ်ပြီး မအူပင်ခရိုင်တွင် နိုင်ငံရေးပါတီ (၁၀)ပါတီ၊ တစ်သီးပုဂ္ဂလတစ်ဦးမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှု (၈၁)ဦးရှိပြီး သတ္တမနေ့အဖြစ် ဓနုဖြူမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ်() ဦး ဓနုဖြူမြို့နယ်တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်() ၅ ဦး လွှတ်တော် ကိုယ်စားလှယ်လောင်း (၁၁)ဦးအား စစ်ဆေး ခဲ့ကြောင်း မအူပင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)