ကော့ကရိတ် အောက်တိုဘာ ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ကိုဗစ် - ၁၉ရောဂါ ဖြစ်ပွားနေမှုကို ထိန်းချုပ်နိုင် ရန်အတွက် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများအား ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၆) ရပ်ကွက် ဇိနသုခဓမ္မာရုံ၊ အမှတ် (၇) ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမနှင့် ကျုံဒိုးမြို့တို့၌ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
အဆိုပါက ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၏ ကြီးကြပ် မှုဖြင့် ခရိုင်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်ထွန်းဇော် ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးစုရပ် အသီးသီး၌ အကြောင်းအမျိူးမျိုးကြောင့် ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး၊ အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာများ၊ လူမှူရေးအသင်းအဖွဲ့ များက လိုအပ်သည်များကို ကူညီဆောင် ရွက်ပေးလျက်ရှိ သိရသည်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက ကျွန်တော်တို့ ကော့ကရိတ်မြို့နယ်မှာ ကိုဗစ်ကာကွယ်ဆေးကို ပထမဖြည့် စွမ်းအနေနဲ့ (၉၅၀၀) ဦးထိုးနှံပြီးတော့ ဒုတိယအကြိမ်ကိုလည်း ထိုးနှံပေးပြီးဖြစ်ပါတယ်။ First 2 အနေနဲ့ ကျွန်တော်တို့ (၆၇၀၀) ဦး၊ ဒုတိယအသုတ် (၇၀၀၀) ဦးတို့ကိုလည်း ထိုးနှံပေးပြီးဖြစ်ပါတယ်။ ယခုရောက်တဲ့ တတိယ အသုတ် First 2 အတွက် (၆၀၀၀) ကို မြို့ပေါ်ရပ်ကွက်မှာ (၃၀၀၀) နဲ့ ကျေးရွာအုပ်စုတွမှာ (၃၀၀၀) ဦးဆိုပြီးတော့ ဆေးထိုးစုရပ် (၇) နေရာမှာ ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ အောက်တိုဘာ ၄ ရက်နေ့မှာ ဇိနသုခဓမ္မာရုံနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတို့မှာ စတင်ပြီးတော့ ထိုးနှံပေးတဲ့အပြင် ကျေးရွာများဖြစ်တဲ့ ကော့ဘိန်း၊ ကော့ပေါက်၊ ကန်းနီ၊ ခရစ်ကျောက်တန်း၊ ကော့လျှမ်း စသည့် ဆေးထိုးစုရပ်များတွင် ဆက်လက်ပြီးတော့ ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ နောက်နေ့တွေမှာ လည်း ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့မှာရှိတဲ့ ဆေးထိုးစုရပ်(၂)နေရာတို့မှာ ဆက်လက်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ First 2 ထိုးနှံဖို့အတွက် နောက်ထပ်ဆေးအလုံးရေ (၁၀၀၀၀) ကို ရောက်ရှိလာမှာဖြစ်လို့ ရောက်ရှိလာတဲ့ ဆေးတွေအားလုံးကိုလည်း မြို့ပေါ်ရော ကျေးရွာအုပ်စုများပါ လွှမ်းခြုံနိုင်အောင် ဆက်လက်ပြီးတော့ ထိုးနှံ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်ဟု ပြောကြားသည်။ ပထမအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံသူ အမှတ် (၂) ရပ်ကွက် ဦးဇော်ဌေးကလည်း ကျွန်တော်တို့ ဒီဆေး လာရောက်ထိုးတယ်ဆိုတာက ကျန်းမာရေး အတွက်ကြောင့်ပါ။ ဒီဆေးကိုလည်း မဖြစ်မနေထိုးဖို့တော့ လိုတယ်လေ၊ ကျွန်တော်အနေနဲ့ အလုပ်တွေ လည်း လုပ်နေရတာဆိုတော့ အသွားအလာလည်း များတယ်။ မထိုးရသေးတဲ့ ပြည်သူများကိုလည်း မဖြစ်မနေ ထိုးစေချင်တယ်၊ အဲ့ဒါမှာသာ တစ်ယောက်နဲ့တစ်ယောက် ကူးစက်မှုရှိတော့မှာ မဟုတ်ဘူးဟု ပြောကြားသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အောက်တိုဘာ ၄ ရက်နေ့မှ အောက်တိုဘာ ၆ ရက်နေ့အထိ ဆေးထိုးစုရပ် အသီးသီး၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန် / ဆက်)