ပိုင်ကျုံမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်

ပိုင်ကျုံ   အောက်တိုဘာ  ၅

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊  ပိုင်ကျုံမြို့  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှပန်းခင်းစီမံချက်ဖြင့်   ပေါက်လောက်ကျေးရွာအုပ်စု၊  ယာဂေကျေးရွာ၊   ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။    

ထိုသို့ ဆောင်ရွက်ရာတွင်   ပိုင်ကျုံမြို့၊     လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှဒုတိယဦးစီးမှူး   ဦးစောခန့်အောင်ကဦးဆောင်၍ ဝန်ထမ်းများက နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်နိုင်ရန် ရည်ရွယ်၍  အဆိုပါကျေးရွာရှိ ကျေးလက်နေပြည်သူများ   နိုင်ငံသားစိစစ်ရေး ကတ်များ  နေ့ချင်းထုတ်ပေးနိုင်ရေးအတွက် စနစ်တကျ စိစစ်ပြုလုပ်ပေးခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ်  စတင်ပြုလုပ်သူကျား(၂၆)ဦး၊ မ(၁၈)ဦးနှင့် နိုင်ငံသား စိစစ်ရေးကတ် လဲလှယ်သူ မ(၁)ဦး စုစုပေါင်း(၄၅) ဦး အားဆောင်ရွက်ပေးနိုင်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရန်ကျန်ရှိသည့်ကျေးရွာများကိုလည်း  ပန်းခင်းစီမံချက်ဖြင့် ကျေးရွာအရောက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်၊၊

ပိုင်ကျုံ (ပြန်/ဆက်)