နမ့်ဆန်မြို့နယ် မန်ခိုက်ရပ်ကွက် ကွက်သစ်ရွာ၌ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်း

နမ့်ဆန် ဩဂုတ် ၁၇

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်ခိုက်ရပ်ကွက် ကွက်သစ်ရွာ၌ ကျေးရွာ လူထုလုပ်အားဖြင့် ကိုယ်ထူကိုယ်ထ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းသည် နမ့်ဆန်-သီပေါလမ်းမကြီး၏ အနောက်ဘက် လမ်းမကြီးဘေးတွင် တည်ရှိပြီး ကျေးရွာ လူထုနှင့်အလှူရှင်တို့က စုပေါင်း၍ အရှည် ပေ(၃၀၀)၊ ထု(၈)လက်မ၊ အကျယ် (၁၀)ပေခန့်ရှိ ရွာတွင်း မြေသားလမ်း ကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လမ်းအား ဆောင်ရွက်ရာတွင် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက အလှူငွေ ကျပ်(၁၂) သိန်း၊ ဘိလပ်မြေ အိတ်(၁၂၀)နှင့် ကျေးရွာလူထုလုပ်အားပေါင်း (၁၅၀)ဦးခန့်ဖြင့် စုစုပေါင်း ခန့်မှန်းကုန်ကျငွေ (၂၁)သိန်းခန့် အကုန်ကျခံ၍ ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

အောင်မိုး (နမ့်ဆန် ပြန် ဆက်)