ပခုက္ကူ အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ အသက်(၂)လမှ(၁၈)လအအတွင်း တစ်နှစ်ခွဲ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းကို အောက်တိုဘာလ ၁ ရက်မှစတင် ဆောင်ရွက်ကြရာ ယခုအခါ စုစုပေါင်း (၁၆၁၅)ဦးထိုးနှံ တိုက်ကျွေးပြီးစီးကြောင်း သိရသည်။
ပခုက္ကူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သူနာပြုဆရာမများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပခုက္ကူမြို့၊ ဒေသန္တရကျန်းမာရေးဌာနခွဲ(၁)နှင့် ဒေသန္တရကျန်းမာရေး ဌာနခွဲ(၂)တို့တွင် ဆေးထိုးစုရပ်နှစ်နေရာခွဲ၍ အသက်(၂)လမှ(၁၈)အတွင်း တစ်နှစ်ခွဲ ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ဝက်သက်-ဂျိုက်သိုး၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)နှင့် ဦးနှောက်အမြှေးရောင်ရောဂါများ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းစသည့် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ကြရာ အောက်တိုဘာလ ၁ ရက်မှ ၅ရက်နေ့အထိ တစ်နှစ်ခွဲ ကလေးငယ် (၁၄၇၆)ဦး၊ ကိုယ်ဝန်ဆောင် မိခင်(၁၃၉)ဦး စုစုပေါင်း (၁၆၁၅)ဦးတို့အား ထိုးနှံပြီးစီးကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းကို ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး ပခုက္ကူမြို့နယ်တွင် အသက်နှစ်လမှ (၁၈)အတွင်းတစ်နှစ်ခွဲ ကလေးငယ် (၈၀၀၀)ဦးကျော်နှင့် ကိုယ်ဝန်ဆောင်မိခင် (၄၆၂၈)ဦး ရှိကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်များကိုလည်း ကိုယ်ဝန်ဆောင်စဉ် ကာကလအတွင်း ကျန်မာရေးနှင့် ပတ်သက်၍ အလေးထား ဆောင်ရွက်ရန်နှင့် ရောဂါလက္ခဏာတစ်ခုခု ဖြစ်ပေါ်လာပါက ဆေးရုံ၊ ဆေးခန်းတွင် အမြန်ဆုံး သွားရောက်ပြသရန်တို့ကို အသိပညာပေး ဆောင်ရွက်ကြကြောင်း သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)