လှိုင်းဘွဲ အောက်တိုဘာလ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကမ္လာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး Talk Show ကို ယနေ့နေ့လယ် (၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အသိပညာပေး Talk Show ကို လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က ကမ္လာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ကို ရှင်းလင်းပြောကြားပြီး ဒေါ်နန်းတင်တင်စံ(အငြိမ်းစာ၊ အလယ်တန်းပြဆရာမ) က ကလေးတို့၏ အနာဂတ်ကောင်းမွန်ဖို့အတွက် ပညာရေးသည် အရေးကြီးကြောင်း၊ ကလေးများ ပြုစုပျိုးထောင်ရာတွင် ဆရာမ တစ်ယောက်အနေဖြင့် အရေးကြီးသော အခန်းကဏ္ဏ၊ ကလေးများ သွန်သင်ဆုံးမခြင်း၊ နည်းကောင်း လမ်းမှန်ပေးခြင်း၊ တပည့်များအပေါ် ကျောသား/ရင်သားမခွဲခြားပဲ စေတနာ၊ ဝါသနာ၊ အနစ်နာတို့ဖြင့် ပညာသင်ကြားပေးရမည်ဖြစ် ကြောင်း စသည့်ကမ္ဘာ့ဆရာများနေ့နှင့်ပတ်သက်၍ ဂုဏ်ပြုစကားများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရ သည်။
မြို့နယ် (ပြန်/ဆက်)