ချောက် အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိ၍ ချောက်မြို့နယ်ရှိ ပြည်သူ့ဆေးရုံ၊ ကုသရေးစင်တာများတွင် တက်ရောက်ကုသခဲ့သည့် အသက်(၆၀)နှစ်နှင့် အထက်သူများ၊ ကိုယ်ဝန်ဆောင်များ၊ ၅ နှစ်အောက် ကလေးငယ်များ၊ မသန်စွမ်းတို့အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ငွေ ပေးအပ်ပွဲပြုလုပ်သည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် လူမှုဝန်ထမ်း ဦးစီးဌာန ချောက်မူလတန်းကြို ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စိုးမိတို့မှ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိ၍ ချောက်မြို့နယ်ရှိ ပြည်သူ့ဆေးရုံ၊ ကုသရေး စင်တာများတွင် တက်ရောက်ကုသခဲ့သည့်သူ အသက်(၆၀)နှစ်နှင့် အထက်(၃၁)ဦး၊ ၅နှစ်အောက် ကလေးငယ်(၁)ဦး၊ မသန်စွမ်း(၁)ဦး၊ စုစုပေါင်း(၃၃)ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေကျပ် ၉၉၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)