တမူးမြို့တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

တမူး အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ယနေ့နံနက် နာရီ အချိန်မှစတင်၍  ပြည်သူ့ဆေးရုံတွင် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီး ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများ၊ သာသနဝန်ထမ်းများ၊ သက်ကြီးဘိုးဘွားများနှင့် စေတနာ့ ဝန်ထမ်းများကို ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်ရောဂါဆိုင်ရာ လမ်းညွှန်ချက် များနှင့်အညီ ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး လာရောက် ထိုးနှံကြသူများအား ဆေးမထိုးနှံမှီ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံခြင်းတို့ကို စနစ်တကျ ဆောင်ရွက် ပေးခဲ့သည်။

ကာကွယ်ဆေး လာရောက်ထိုးနှံရန် ခရီးဝေးကွာလွန်းသည့် ကျေးရွာများ၊ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာပြည်သူများအတွက် ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများမှ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများမှ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ကြီး(တမူး)