ဟင်္သာတခရိုင် စိုက်ပျိုးမူ ပတ်ဝန်းကျင်ဇုန် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူ လယ်သမား ဘဝ မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

ဟင်္သာတ  အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် တွင် ၂၀၂၁ ခုနှစ် ဟင်္သာတခရိုင် စိုက်ပျိုးမူ ပတ်ဝန်းကျင်ဇုန် (Agroecological Zone) များအရ သီးနှံအမယ်ဇုံ စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များကို အခြေခံ၍ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူ လယ်သမားဘဝ မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး တွင်ကျင်းပပြုလုပ်ခဲ့သည်။

 အခမ်းအနားတွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးဝင်းမြင့် က  ၂၀၂၁ ခုနှစ် ဟင်္သာတခရိုင်  စိုက်ပျိုးမူ ပတ်ဝန်းကျင်ဇုန် (Agroecological Zone) များအရ သီးနှံအမယ်ဇုံ စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များကို အခြေခံ၍ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားဘဝ မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ကို ရှင်းလင်းတင်ပြခဲ့သည်။

 ထို့နောက် ဒုတိယပိုင်း အစီအစဉ်တွင် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ခရိုင်အဆင့် ဌာနဆိုင်ရာများ ၊ ဟင်္သာတခရိုင် (၆ )မြို့နယ်မှ  မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးများ ၊ ဆန်စက်ပိုင်ရှင်များ၊ဆန်ကုန်သည်များ၊ ပဲနှမ်းကုန်သည်များ  စိုက်ပျိုးရေး တောင်သူများမှ တွေ့ကြုံနေရသည့် အခက်အခဲများ ၊ စျေးကွက်အခြေအနေများ ၊ တင်ပြဆွေးနွေးချက်များ ၊ ကြုံတွေ့လာနိုင်သည့် ပြဿနာရပ်များကို တက်ရောက်လာကြသူများက အပြန်အလှန် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြ​ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးမျိုးမင်းလွင်း ထံမှ သိရသည်။

ကိုဇော် -ဟင်္သာတ