နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက် ဆောင်ရွက်နေမှုများအား ညှိနှိုင်းဆောင်ရွက်

နန်းယွန်း သြဂုတ်  ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် အထွေထွေရွေးကောက် အောင်မြင်စွာကျင်းပနိူင်ရန်နှင့် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းများထုတ်ပြန်ထားရှိမှုအပေါ် စနစ်တကျပြန်လည် စိစစ်နိုင်ရေးလုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စုပေါင်းရုံး အစည်း အဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

နန်းယွန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးချောအောင်နှင့်အတွင်းရေးမှူး ဦးဇော်မင်း သိန်းတို့က ရပ်ကွက်/ကျေးရွာများရှိ မဲဆန္ဒရှင်စာရင်းများကို ပုံစံ(၃)၊ပုံစံ(၄)၊ ပုံစံ(၄-ဂ) တို့ဖြင့် ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်းအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများစနစ်တကျရှိစေရေး၊ ဒုတိယ အကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားရာတွင် မှားယွင်းမှုမရှိစေရေးအတွက် မြို့နယ်ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ အားလုံးပူးပေါင်းဆောင်ရွက်ကြရန်ရှင်းလင်းဆွေးနွေးပြီး အထွေထွေရွေး ကောက်ပွဲအားစံ(၅)ချက်နှင့် အောင်မြင်စွာကျင်းပနိုင်ရန် မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကျေးစာရေးများက ပြည်လည် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဟန်ကမ်း(ပြန်/ဆက်)