ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပြည်သူများအား နှာခေါင်းစည်း mask (၁၀၀၀) ဖြန့်ဝေပေး

ကျောင်းကုန်း    အောက်တိုဘာ   

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ် -၁၉ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း mask များကို မြို့ထိပ်စစ်ဆေးရေးဂိတ်၌ ယမန်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က ဖြန့်ဝေပေးခဲ့ကြသည်။

နှာခေါင်းစည်းဖြန့်ဝေရာသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ ဒေသခံပြည်သူများအား နှာခေါင်းစည်း mask များ ဖြန့်ဝေပေးခဲ့ကြသည်။ ဆက်လက်၍ မြစ်ကူးတံတားအောက် မြို့ဝင်စစ်ဆေးရေးဂိတ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြသည်။

ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့သူ(၈၅၂) ဦးအထိရှိနေပြီပြီး၊ သေဆုံးသူ (၁၀၈) ဦးအထိရှိပြီဖြစ်ရာ ဆက်လက်မပျံ့ ပွားစေရန်ရည်ရွယ်ချက်ဖြင့် ယခုလိုကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ယနေ့နံနက်ပိုင်းတွင်ပူးပေါင်း အဖွဲ့မှ နှာခေါင်းစည်း mask (၁၀၀၀) ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)