တကူတိုက်နယ်ဆေးရုံမှ ကိုဗစ်လူနာ(၁၂)ဦးဆေးရုံမှဆင်း၊လူနာသစ်(၁၁)ဦးထပ်တိုးသဖြင့် ကုသဆဲကိုဗစ်လူနာ(၆၇)ဦးအထိရှိလာ

တနင်္သာရီ  အောက်တိုဘာ ၄

  တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တကူ(စံပြ)တိုက်နယ်ဆေးရုံ ကုသရေး Centreနှင့် Covid-19 Positive Centre များအတွင်းကိုဗစ်-၁၉ရောဂါပိုးဖြင့် ဆေးဝါးကုသမှုခံယူနေစဉ် ပြန်လည်သက်သာလာသော ကိုဗစ်လူနာ(၁၂)ဦးအားတာဝန်ခံဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည် က အောက်တိုဘာလ၄ရက် မွန်းလွှဲ၂နာရီအချိန်က ဆေးရုံမှဆင်းခွင့်ပြုလက်မှတ်ထုတ်ပေး၍ နေအိမ်သို့ပြန်ဆင်းခွင့်ပြုကာ မိမိနေအိမ်တွင်(၇)ရက်တိတိအသွားအလာကန့်သတ်၍ Home Quarantine အဖြစ်သီးခြားနေထိုင်ကြရန် အသိပေးလမ်းညွှန်မှာကြားပေးကြောင်း သိရသည်။

အလားတူ တကူ(စံပြ)တိုက်နယ်ဆေးရုံဖျားနာဆေးခန်း၌ ပြင်ပမှလူနာ(၁၆)ဦးအား တာဝန်ခံ ဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်မှကြီးကြပ်၍ဓာတ်ခွဲကျွမ်းကျင်(၄)ဒေါ်ဆုလဲ့မွန်မှ Covid-19 Antigen test kit ဖြင့် ကိုဗစ်‌-၁၉ရောဂါပိုးရှိ/မရှိစစ်ဆေးပေးရာ (၁၁)ဦးမှာရောဂါပိုးအတည်ပြုတွေ့ရှိရသဖြင့် ဇီဝိတဒါနသံဃဆေးရုံ PositiveCentre ၊အလက(ခွဲ)သံတိုက်ကျောင်း Positive

Centre နှင့်အထက(ခွဲ)သာရဘွင်ရွာ PositiveCentre အတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီကျန်းမာရေးစောင့်ကြပ်၍ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ရောဂါပိုးအတည်ပြုတွေ့ရှိသူများနှင့်ထိစပ်မိသားစုများအား ရောဂါပိုးကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရန် နေအိမ်များကို Lock Down ချ၍ အသွားအလာကန့်သတ်ပြီးစောင့်ကြပ်ကြည့်ရှုထားကြောင်း သိရသည်။

သို့ဖြစ်၍ အောက်တိုဘာလ(၄)ရက်နေ့အထိ  တကူတိုက်နယ်ဆေးရုံ သီးသန့်လူနာဆောင် ၊သံဃာ့ဆေးရုံ Positive Centre ၊ အလက(ခွဲ)သံတိုက်ကျောင်း Positive Centre နှင့် အထက(ခွဲ)သာရဘွင်ရွာ Positive Centre တို့တွင် ကုသမှုခံယူနေဆဲ ကိုဗစ်-၁၉လူနာဦးရေ စုစုပေါင်း(၆၇)ဦးအထိရှိကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း