ဆားလင်းကြီး အောက်တိုဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့၌ အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အဘိုးအဘွားများအား ယနေ့နံနက်ပိုင်းက လူမှုရေးပင်စင်ကို အဘိုးအဘွားများ၏ နေအိမ်သို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တတိယသုံလပတ်(ဧပြီ၊ မေ၊ဇွန်) လများအတွက် အဘိုးအဘွား တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် ဆားလင်းကြီး မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၂)အုပ်စုမှ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် သက်ကြီးဘိုးဘွား (၈၆၁)ဦးတို့အတွက် ငွေကျပ် (၂၅၈၃၀၀၀ဝိ/-)အား ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လူမှုရေးပင်စင်များအား ဆားလင်းကြီးမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ လူမှုရေး ပင်စင်ခံစားခွင့်ရှိသည့် အဘိုးအဘွားများထံသို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးတို့မှတစ်ဆင့် လွှဲပြောင်းထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ဥမ္မာခိုင်