ဘုတ်ပြင်း အောက်တိုဘာလ ၄ ရက်
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒေသခံဆလုံတိုင်းရင်းသားများအား ပေးအပ်သည့် ထောက်ပံ့ပစ္စည်းများကို ယနေ့နံနက်က(၁၀)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ရေးဦးစီးဌာန သပြေခန်းတွင် ကျန်းမားရေးဝန်ကြီးဌာန ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ ပေးအပ်ခဲ့သည်။
ပေးအပ်ရာတွင် မြို့နယ်စီမံချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ဒေသခံဆလုံတိုင်းရင်းသားများအား ထောက်ပံ့ပစ္စည်း ပေးအပ်ရခြင်းနှင့ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဆလုံတိုင်းရင်းသားများအား ထောက်ပံ့ ပေးအပ်သည့် ပစ္စည်းများကို အသီးပေးအပ်ခဲ့ကြောင်းသိရသည်။
ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျေးရွာအုပ်စုအတွင်းရှိ ဆလုံ တိုင်းရင်းသား အိမ်ထောင်စု (၆၆)စု၊ ကရသူရိမြို့ မသေကျေးရွာအုပ်စုအတွင်းရှိ ဆလုံတိုင်းရင်းသား အိမ်ထောင်စု (၁၇)စု ၊ စုစုပေါင်း အိမ်ထောင်စု(၈၃)အား အိမ်ထောင်စုတစ်စုလျှင် ၃ လက်မခွဲ ဂဏန်းပိုက် (၁၀)ဖုံ ၊ ကင်းမွန်းမျှားအရုပ် (၆) ရုပ် နှုန်းဖြင့် ဂဏန်းပိုက်(၈၃၀)ဖုံ ၊ ကင်းမွန်မျှားအရုပ်(၄၉၈) ခုအား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)