ပခုက္ကူမြို့၊ မြို့မလမ်းအား နိုင်လွန်ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ရေပိတ်လွှာလောင်းခြင်း လုပ်ငန်းဆောင်ရွက်

ပခုက္ကူ အောက်တိုဘာ ၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့မလမ်းအား နိုင်လွန်ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့်ရေပိတ်လွှာလောင်းခြင်း လုပ်ငန်းတို့ကို စက်တင်ဘာလ ၂၀ ရက်မှစတင်ပြီး ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်လမ်း ဦးစီးဌာနမှ သိရသည်။

ပခုက္ကူမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လမ်းမကြီးများအား မြို့အင်္ဂါရပ်များနှင့် ကိုက်ညီစေရေး၊ ကတ္တရာအနိမ့်အမြင့် ညီစေရေးတို့အတွက် မြို့မလမ်းနှင့် ထင်းတန်း လမ်းဆုံမှ ရွှေချောင်းတံတား(၁)ထိပ်အထိ ငါးဖာလုံခန့်ရှိသည့် မြို့မလမ်းအား  နိုင်လွန် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ရေပိတ်လွှာလောင်းခြင်း လုပ်ငန်းတို့ကို BOT စနစ်ဖြင့် ထွန်းညိုလူ ကုမ္ပဏီမှ တာဝန်ယူကာ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်မှစတင်ပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း  ပခုက္ကူမြို့နယ် လမ်းဦးစီးဌာန၊ မြို့နယ်မှူး ဒေါ်သန်းသန်းလဲ့က ပြောသည်။   

ဆလိုင်းကိုကီး(ပြန်/ဆက်)