ကန်ကြီးထောင့်မြို့နယ်တွင် တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး ၉၀ ထုတ်လုပ် နိုင်မည့်အောက်ဆီဂျင်စက်ရုံ တည်ဆောက်လျက်ရှိ

ကန်ကြီးထောင့်      အောက်တိုဘာ      

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် အောက်ဆီဂျင်လိုအပ်သော အခြားလူနာ များအား ထောက်ပံ့ပေးနိုင်ရန်အတွက် တစ်နေ့လျှင် အောက်ဆီဂျင် ၄၀လီတာဆံ့ အိုးအလုံးရေ ၉၀ ခန့်ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက်ရုံအား ဒါးကကျေးရွာ၌ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံအား မြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများ၏စုပေါင်း ထည့်ဝင်လှူဒါန်းမှုဖြင့် ဝယ်ယူတပ်ဆင်ခြင်း ဖြစ်ကြောင်းသိရပြီး အောက်ဆီဂျင်စက်ထားရှိမည့် စက်ရုံမှာ အလျား၂၀ပေ၊ အနံ ၃၆ ပေ နှင့်အမြင့် ၁၃ ပေရှိမည်ဖြစ်ကာယခုလ ဒုတိယပတ်တွင် စတင်လည်ပတ်နိုင်မည်ဟု ခန့်မှန်းထားပြီး စက်ရုံတည်ဆောက်ပြီးစီးပါက မြို့နယ်အတွင်းရှိ အောက်ဆီဂျင်လိုအပ် သောလူနာများအား တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။

လှမင်းထွဋ်(ပြန်/ဆက်)