စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် မီးဘေးလုံခြုံရေးစစ်ဆေးပြီး မီးငြှိမ်းသတ်နည်းဇာတ်တိုက်‌ လေ့ကျင့် ၍ သဘာ၀ဘေး အန္တရာယ်အကြောင်းအသိပညာပေးဆွေးနွေး

ရေဦး  ဩဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် မီးသတ်ဦးစီးမှူရုံး သန္ဓေတပ်ဖွဲ့၀င်များက ယနေ့ နံနက် ၉ နာရီက မြို့ပေါ် ရပ်ကွက် အတွင်းရှိ “ စူပါဖိုက်“၊ “ ရွှေသစ္စာ “ ဆန်စက်များအားမီးဘေး ကာကွယ်နိုင်ရေး စစ်ဆေး ခဲ့သည်။

ရှေးဦးစွာ မီးသတ်ဦးစီးမှုးနှင့်အဖွဲ့ကဆန်စက်ရုံအတွင်းလှည့်လည်၍ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ မီးသတ် ဆေးဘူးများ အရည်အသွေးပြည့်၀မှု၊ ထားရှိမှု၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းမှု၊ဆန်စက်၀င်းနှင့် စက်ရုံအတွင်း သန့်ရှင်းမှုရှိမရှိတို့ကို စစ်ဆေးပြီး လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်သွားရန်   စစ်ဆေး အကြံပေးခဲ့သည်။

ဆက်လက်ပြီး မီးသတ်ဦးစီးမှုးမှ လေပေါင်ချိန်ပြည့်မီးသတ်ဆေးဘူး၏  အရေးပါပုံကိုရှင်းပြခဲ့ပြီး အရေး ပေါ်  မီးဘေးကာကွယ်နိုင်ရေး  မီးသတ်ဆေးဘူးအသုံးပြု   မီးငြှိမ်းသတ်နည်းကို  ရှင်းလင်းပြသခဲ့သည်။  

ထို့နောက်  သန္ဓေတပ်ဖွဲ့၀င်များမှ ဆန်စက်လုပ်သားများ အရေးပေါ် မီးငြှိမ်းတတ်စေရန် မီးသတ်ဆေးဘူး၊  ရေစို အ၀တ်အသုံးပြု  မီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့ပြသ ဇာတ်တိုက်‌ လေ့ကျင့်ပေးခဲ့ကြသည်။ ယင်း နောက် ဆန်စက်လုပ်ငန်းရှင်  လုပ်သားများနှင့်သဘာ၀ဘေးအန္တရာယ်  ကြိုတင်ကာကွယ်ရေး ဆိုင်ရာ များ  အသိပညာပေး ဆွေး‌နွေးခဲ့ကြကြောင်းသိရသည်။

သန်းထိုက် ( ရေဦး )