နတ်မောက်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား အပတ်စဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

နတ်မောက် အောက်တိုဘာ  

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာန ဆေးခန်းတွင် ယနေ့နံနက် နာရီအချိန်ခန့်က မြို့ပေါ်()ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များအား အပတ်စဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိသည်။

ထိုသို့ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ကျန်းမာရေး စမ်းသပ်ပေးခြင်း၊ မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းနှင့် သွေးအားနည်းရောဂါ ရှိ/မရှိ စစ်ဆေးခြင်းတို့ကို မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေး ဆရာမများက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနရှိ ဆရာမများက ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း (Mask)များ တပ်ဆင်လာစေရေးနှင့် လူစုလူဝေးမဖြစ်အောင် စီမံဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

လှဝင်း