လောင်းလုံးမြို့နယ်တွင် ဒုတိယအသုတ် ( First-Dose) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ (၁၂၅၃၃) ဦးရှိပြီဖြစ်

လောင်းလုံး အောက်တိုဘာ 

တနင်္သာရီတိုင်းဒေသကြီး၊လောင်းလုံးမြို့နယ်တွင်ဒုတိယအသုတ် (First-Dose) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ (၁၂၅၃၃) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ ၁၆ ရက်နေ့မှ စတင်ထိုးနှံကာ အောက်တိုဘာလ ၃ ရက်နေ့အထိ နံနက်() နာရီအချိန်တွင် သတ်မှတ် စုရပ် () နေရာ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် (၅၅)နှစ်မှ အသက်(၆၄)နှစ်အထိ ပြည်သူများ၊ အသက်(၁၈)နှစ် နှင့်အထက် မသန်စွမ်းသူများ၊ အသက်(၁၈)နှစ်နှင့်အထက် ရဟန်းသံဃာ/ သီလရှင်များ၊ နာတာရှည်ရောဂါရှိပြီး ကူးစက်ရောဂါ မရှိသူများ (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများနှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများ၊ ပုဂ္ဂလိက ဝန်ထမ်းများ စုစုပေါင်း (၁၂၅၃၃) ဦးအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး၊ အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို လောင်းလုံးမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ () ဗိုလ်မှူးရဲမင်းထွန်းတို့ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုအပ်သည်များ ကူညီဆောင် ရွက်ပေးလျက် ရှိကြောင်း သိရသည်။

လောင်းလုံး (ပြန်/ဆက်)