ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာများအရောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို Moblie Team စနစ်ဖြင့် ထိုးနှံပေး

ရေဖြူ အောက်တိုဘာ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာနှင့် ဇာဒီကျေးရွာအုပ်စု အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ဇာဒီ--က ကျောင်းနှင့် မင်းသား အမကကျောင်းတွင် စုရပ်ပြုလုပ်၍ ယမန်နေ့နံနက () နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျေးရွာအရောက် Mobile Team စနစ်ဖြင့် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူ အသက် (၁၈) နှစ်အထက် ပြည်သူများအား မြို့နယ် ကျန်းမာရေး ဝန်ထမ်းများမှအပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ Oxygen တိုင်းပေးခြင်း တို့ကို ပြုလုပ်ဆောင်ရွက်ပေးပြီး ကျန်းမာရေးအခြေအနေအပေါ် မူတည်၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံမှု ဆောင်ရွက်ရာတွင်   ဝေးလံဒေသဖြစ်၍ အ--က ကံပေါက်စုရပ်သို့ မသွားလာနိုင်သော ဘိုးဘွားများနှင့် မသန်စွမ်းသူများ၊ ဦးစားပေးအစီစဉ်အလိုက် ထိုးနှံပေးပြီး၊ အသက် (၁၈) နှစ်ပြည့် ပြည်သူများကိုပါ မိမိကျေးရွာအုပ်စုအတွင်း၌သာ စုရပ်ပြုလုပ်၍  Moblie Team ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ မင်းသားကျေးရွာအုပ်စုတွင် (၂၄၅) ဦးနှင့်ဇာဒီကျေးရွာအုပ်စုတွင် (၄၀၀) ဦး၊ စုစုပေါင်း (၆၄၅) ဦးအား စုရပ်တွင် ဆေးထိုးနှံပေးခဲ့ပြီး၊ ကလိန်အောင်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က အနီးကပ်ကြီးကြပ်ကာ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ၊ကျေးရွာပရဟိတ အသင်းသားများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

ရေဖြူ (ပြန်/ဆက်)