ဟားခါး အောက်တိုဘာ ၄
ဟားခါးမြို့တွင် အုပ်စု(A)အဖြစ် သတ်မှတ်ထားသော အသက်(၅၅)နှစ်မှ (၆၄)နှစ်ထိ၊ မသန်စွမ်း သူများ၊ Ethnic Armed Organization နှင့် နှာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူများ အား အောက်တိုဘာလ ၅ ရက်နေ့မှ ၇ ရက်ထိ ဆေးထိုးစုရပ် (၃) နေရာခွဲ၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံမည့် စီမံချက်တွင် အုပ်စု ( A ၊ B ၊ C ၊ D ) များ သတ်မှတ်လျက်ရှိရာ စီမံချက်ပါ လုပ်ငန်းစဉ်များအတိုင်း အုပ်စု (A) တွင် ပါဝင်သည့်ပုဂ္ဂိုလ်များအား စတင်ထိုးနှံပေး ခြင်းဖြစ်ပြီး ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများကို အမှတ် (၁) အခြေခံ ပညာအထက်တန်း ကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမ၊ ခိုင်ကမ်းအားကစားရုံနှင့် မြို့သစ်ရပ်ကွက်ရှိ ကာဆင်နှစ်ခြင်း ဘုရားကျောင်းများတွင် ထိုးနှံပေးမည်ဖြစ်သည်။
ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသည့်အချိန်တွင် အုပ်စု(A)ပါ စတင်ထိုးနှံမည့်သူများအပြင် ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ်ထိုးနှံ ရန်ကျန်ရှိခဲ့သည့် နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၆၅)နှစ် နှင့်အထက်ရှိ ပုဂ္ဂိုလ်များအနေဖြင့် လည်းအဆိုပါဆေးထိုးသတ်မှတ်နေရာများသို့ ဒုတိယအကြိမ် ကာကွယ်ဆေးများအား လာရောက်ထိုးနှံကြပါရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အသိပေးနိုးဆော်ခဲ့ကြောင်း သိရသည်။
မောင်တက်လမ်း