ဆဒုံး သြဂုတ် ၁၇
ကချင်ပြည်နယ်၊ ဆဒုံးမြို့၊ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်ရှိ အသက်(၆)လမှ အသက် (၅)နှစ် ကလေးများအား ယမန်နေ့ နံနက် (၉)နာရီတွင် ကျေးလက်ဆေးပေးခန်း၌ ကျန်းမာရေးဝန်ထမ်းများက ဗီတာမင်(A)နှင့် သန်ချဆေးများတိုက်ကျွေးခဲ့ကြောင်းသိရသည်။
အဆိုပါ ဗီတာမင်(A)နှင့် သန်ချဆေးတိုက်ကျွေးခြင်းများဆောင်ရွက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းနှင့်အညီ မိခင်နှင့်ကလေးများကို ဆေးပေးခန်းအတွင်း မဝင်ရောက်ခင် ဆပ်ပြာဖြင့်လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းတပ်စေခြင်း၊ အလှည့်ကျစနစ်ဖြင့် ဝင်ရောက်စေပြီး ကလေးငယ်များအား ပေါင်ချိန်တိုင်းတာခြင်း၊ ဗီတာမင်(A)ဆေးနှင့် သန်ချဆေးများတိုက်ကျွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်နိုင်ဌေး(ပြန်/ဆက်)