တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉လူနာ လူနာသစ်(၁)ဦးထပ်တိုးသဖြင့် ကုသဆဲ(၂၁၄)ဦးအထိရှိနေ

တနင်္သာရီ  အောက်တိုဘာလ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အထက-တနင်္သာရီ Positive Centre တွင် ဆေးဝါး ကုသမှုခံယူနေစဉ် ပြန်လည်သက်သာကောင်းမွန်လာသော ကိုဗစ်-၁၉ရောဂါလူနာ()ဦးအား ယမန်နေ့က  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းက ဆေးရုံမှဆင်းခွင့် လက်မှတ် ထုတ်ပေး၍ ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီး နေအိမ်တွင်အသွားအလာကန့်သတ်ကာ Home Quarntine အဖြစ်()ရက်တိတိ သီးခြားဆက်လက်နေထိုင်ရန်သတိပေးလမ်းညွှန်မှာကြားခဲ့ပြီးတစ်မြို့နယ်လုံးဆေးရုံမှဆင်းသူပေါင်းမှာ(၁၆၅၄)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

အလားတူ မြို့နယ်ပြည်သူ့ဆေးရုံ ဓာတ်ခွဲခန်းတွင် ပြင်ပလူနာ(၄)ဦးအား ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့် စစ်ဆေးပေးရာ လူနာသစ်(၁)ဦးတွင်ရောဂါပိုးအတည်ပြုတွေ့ရှိရသဖြင့် တစ် မြို့နယ်လုံးပိုးတွေ့ရှိသူပေါင်း(၁၈၉၆)ဦးရှိပြီး၊ သေဆုံးခဲ့သူပေါင်း(၂၄)ဦးရှိ၍ ကုသဆဲလူနာဦးရေမှာ ယခင်နေ့က(၃၀၇)ဦးရှိရာမှ(၂၁၄)ဦးအထိလျော့ကျလာပြီဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံမှ သီးသန့် လူနာဆောင်(Isolation Ward)တွင် ကိုဗစ်-၁၉လူနာ(၈)ဦး၊ တကူတိုက်နယ်ဆေးရုံ(Isolation Ward)တွင်(၃၉)ဦး၊ မောတောင်တိုက်နယ် ဆေးရုံ(Isolation Ward)တွင်()ဦး၊ အထက(ခွဲ)သာရဘွင် Positive Centre တွင်()ဦး၊ အထက-တနင်္သာရီ Positive Cemtre အတွင်း(၇)ဦး၊ အလက(ခွဲ)သံတိုက် Positive Centre တွင်(၃၃)ဦး၊  အထက-ညောင်ပင်ကွင်း Positive Centre တွင်(၆၀)ဦး၊ အထက-ပဝရွာ Positive Centre အတွင်း()ဦးနှင့် မူလွန်-လယ်သစ်အရှေ့ Positive Centre တွင်(၃၁)ဦး ကုသဆဲကိုဗစ်-၁၉ လူနာပေါင်း(၂၁၄)ဦးအထိ ကျန်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း