တနိုင်းမြို့နယ်ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၁၆)စုအား ပြန်လည်အခြေချနေထိုင်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

တနိုင်း  သြဂုတ် ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာတွင် နယ်မြေလုံခြုံရေးအခြေအနေအရ နီးစပ်ရာ မြစ်ကြီးနားမြို့ ကဘူဒမ်ကျေးရွာသို့ ယာယီပြောင်းရွှေ့ နေထိုင်ခဲ့ကြသော အိမ်ထောင်စု ၁၆ စုကို ယခုအခါ နယ်မြေအေးချမ်း တည်ငြိမ်လာပြီဖြစ်၍ မူလနေရပ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် ဩဂုတ်လ(၁၅) ရက်နေ့ မွန်းလွဲ(၁၂)နာရီက သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါ တိုက်ပွဲရှောင်အိမ်ထောင်စုများ မူလနေရပ်သို့ ပြန်လည်ပြောင်းရွှေအခြေချရာတွင် အိမ်ထောင်စု(၁၆)စုအတွက် ()လစာ စားနပ်ရိက္ခာထောက်ပံ့ရေး၊ မိသားစုကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အဆောက်အဦများ၊ လူနေအိမ်များ၊ လမ်းများ၊ တံတားများ၊ လျှပ်စစ်မီးရရှိရေး၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးစသည့် အခြေခံလိုအပ်ချက်များကို ဦးစားပေးဆောင်ရွက်နိုင်ရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးကျော်လွင်နှင့် အဖွဲ့ဝင်များသည် တိန်ကောက်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ တိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)