ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)(၄၁၀)ဦး အား ထိုးနှံပေး

ဖလမ်း အောက်တိုဘာ ၂

 

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ကျင်းပ ပြုလုပ်‌ခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ထိုးနှံပေးရာတွင် ကာကွယ်ဆေးလာရောက် ထိုးနှံသူများကို ကာကွယ်ဆေး မထိုးနှံပေးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ဆေးထိုး မှတ်တမ်းများ ရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို သာသနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဒေသခံပြည်သူစုစု‌ပေါင်း(၄၁၀)ဦးတို့ကို ထိုးနုံပေးခဲ့ကြသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ဖလမ်းမြို့၌ အောက်တိုဘာလ ၁ ရက်၊ ၂ ရက်၊ ၄ ရက်နှင့် ၅ ရက်နေ့များတွင် ထိုးနှံပေးသွားမည်ဖြစ်သည်။ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးမှုအား ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဖလမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ခေါင်တို့က ကြည့်ရှုအားပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြသူများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ကြကြောင်း သိရသည်။

 

ကိုရှိန်း