ဘုတလင် အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံ ရသေးသော သံဃာတော် ဆရာတော်ကြီးများ၊ အသက်(၆၅)နှစ်နှင့် အထက်ဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး (ပထမ)အကြိမ်ဆေးများကို စက်တင်ဘာလ ၁၇ ရက်နေ့ကစတင်ကာ ယနေ့အထိ မြို့နယ်အာကစားခန်းမအတွင်းတွင် ဆက်လက်ထိုးနှံပေး လျက်ရှိပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပီးသူများအနေဖြင့် ဒုတိယအကြိမ်ကာကွယ် ဆေးများထိုးနှံရန် ကျန်ရှိသူများကိုလည်း မြို့နယ်ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးတွင် ယနေ့အထိ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးရသေးသူများ ကျန်ရှိနေပါက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွါးမှုကို ကါကွယ်ထိန်းချုပ်နိုင်ရန်အတွက် ထိုးနှံပေးကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများစနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြပြီး ပထမအကြိမ် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးနှံပီးသူများကို (ဒုတိယအကြိမ်) ကာကွယ်ဆေးများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်(၁၉) ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ထံမှသိရသည်။
နှင်းယုအေး(မြို့နယ် ပြန်/ဆက်)