ဟင်္သာတ အောက်တိုဘာ ၂
ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ ဘိုးဘွားများနေ့ အထိမ်းအမှတ်အဖြစ် လှူဒါန်းမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယမန်နေ့ နေ့လယ်ပိုင်းက ဟင်္သာတမြို့ ဘိုးဘွားရိပ်သာတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပွဲသို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းအေးဆွေ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဦးဒိုင်ဒိုဒါးလ်နှင့် တာဝန်ရှိသူများ ဘိုးဘွားရိပ်သာ တာဝန်ခံနှင့် အမှုဆောင်အဖွဲ့များ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လှူဒါန်းမှုဖြင့် ရိပ်သာရှိ အဘိုး(၁၁)ဦး၊ အဘွား(၂၅)ဦး စုစုပေါင်း (၃၆) ဦးတို့အား (၁)ဦးလျှင် ငွေ (၂၀၀၀၀) ကျပ်နှုန်းဖြင့် ငွေ(၇၂၀၀၀၀)ကျပ်၊ ဘိုးဘွားရိပ်သာသို့ ဆန် (၁၂) အိတ်၊ ဆီ (၃၆)ပိဿာ တို့ကို လှူဒါန်းခဲ့ကြောင်း ဟင်္သာတမြို့ ဘိုးဘွားရိပ်သာ အမှုဆောင် အဖွဲ့အတွင်းရေးမှူး ဦးမြင့်စိန် ထံမှ သိရသည်။
ကိုဇော်