ပခုက္ကူမြို့၌ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားသုံးဆီတစ်ပိဿာကို ၃၉၀၀ကျပ်ဖြင့် ရောင်းချ

ပခုက္ကူ အောက်တိုဘာ၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၌မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းနှင့် ပခုက္ကူခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းပူပေါင်း၍ ယနေ့ နံနက်၈နာရီက မြို့မဈေးအနီးနှင့်ယာယီပျံကျဈေးတို့၌ စားအုန်းဆီ တစ်ပိဿာကို ၃၉၀၀ကျပ်ဖြင့် ရောင်းချသည်။

ကိုဗစ်-၁၉ရောဂါတတိယလှိုင်း၌ ဈေးကွက်အတွင်း စားသုံးဆီများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေးနှင့်စားသုံးသူများ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဝယ်ယူရရှိ စေရေးတို့အတွက် စီမံဆောင်ရွက်လျက်ရှိရာ လက်ရှိကာလအတွင်း နိုင်ငံခြားငွေလဲနှုန်း မြင့်တက်မှု အပေါ် စားသုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်မှု မရှိစေရေးအတွက် စားအုန်းဆီ တစ်ပိဿာကို ၃၉၀၀ ကျပ်ဖြင့်ရောင်းချခြင်းဖြစ်ကြောင်း ဆီလုပ်ငန်းရှင် တစ်ဦးကပြောသည်။

ထို့သို့ စားအုန်းဆီ တစ်ပိဿာလျင် ၃၉၀၀ ကျပ်ဖြင့်ရောင်းချပေးရာ ဝယ်ယူသူ များပြား ကြောင်းသိရသည်။

ဟိန်းသူ