မြောင်းမြမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

မြောင်းမြ  သြဂုတ်၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်ခြင်း ကို ယမန်နေ့ နံနက်ပိုင်းတွင် ကဒက်ကွင်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ  နိုင်ငံတော်အစိုးရထောက်ပံ့ငွေများ ပေးအပ်ရာတွင် အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀/-)နှုန်းဖြင့်  ကဒက်ကွင်းကျေးရွာရှိ အိမ်ထောင်စု (၁၉၆)စုအတွက် ငွေကျပ်(၃၉၂၀၀၀၀/-) ထောက်ပံ့ကြေးငွေများ ပေးအပ်ခဲ့ကြောင်းနှင့် ယခုထောက်ပံ့ငွေ  ပေးအပ်ခြင်းသည် တတိယအကြိမ် မြောက် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။


ကေခိုင်စိုး(မြောင်းမြ)