ထန်ပါခွေ အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော အားကစားကွင်း ဖောက်လုပ်နေမှုယနေ့အထိ (၇၅)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ အားကစားကွင်း ဖောက်လုပ်ခြင်း၊ ဖို့မြေ၊ဖြတ်မြေဆောင်ရွက်ခြင်း၊ မြေညှိစက် ကြိတ်ခြင်း၊ မီတာ(၄၀၀)ပြေးလမ်း ကျောက်မှုန့်(၃) လက်မထုခင်းခြင်း၊ (၁၀၀×၂၈)ပေအာစီ(၁) ထပ်ပွဲကြည့်စင်တည်ဆောက်ခြင်း၊ ဂိုးတိုင်နှင့်စကိုလ်းဘုတ်တည်ဆောက်ခြင်း လုပ်ငန်းများ အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အားကစားနှင့် ကာယပညာဦးစီးဌာန ခွင့်ပြုရန်ပုံငွေ (၂၃၄) သန်းဖြင့် ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် လီဒူလမ်း ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခြင်း ဖြစ်ကာ ယနေ့အထိ (၇၅)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဟန်ထွန်း(အင်းဝ)