ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအား အသိပညာပေး နှိုးဆော်

ပလောက်  အောက်တိုဘာ  ၁

 တနင်္သာရီတိုင်းဒေသကြီး၊၊ မြိတ်ခရိုင်၊ပ‌လောက်မြို့တွင်ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ရေးဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပလောက်မြို့  ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများပူးပေါင်း၍ ရပ်ကွက်အတွင်းရှိလမ်းဆုံ၊လမ်းခွတို့တွင် Handspeakerဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်ခဲ့သည်။

 ထိုသို့အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာ၌ မိဘပြည်သူများအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးဆိုင်ရာ ညွှန်ကြားချက် များနှင့် အခါအားလျော်စွာ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကားချက်များအား ပြည်သူများ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)