မုံရွာ စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးတို့ ပူးပေါင်း၍ ပန်းခင်းစီမံချက် အသိပညာပေးTalk Showအစီအစဉ်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦစီးအရာရှိ ဒေါ်စိုးစိုးဝင်းက ပန်းခင်စီမံချက် အသိပညာပေးTalkShow အစီအစဉ်ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်မြတ်နွယ်စိုးက ပန်ခင်းစီမံချက် အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ရှှင်းလင်းဆွေးနွေးရာတွင် လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်မြတ်နွယ်စိုးကပန်းခင်းစီမံချက်အတွက် အမျိုး အစား(၄)မျိုးဖြင့် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ လက်ရှိဒေသမှာနေထိုင်ပြီး အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဒေသမှာနေထိုင်ပြီး အိမ်ထောင်စုစာရင်းလည်းမရှိသူ၊ ကိုင်ဆောင် လက်မှတ်လည်းမရှိသူများ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသမှာ အိမ်ထောင်စုစာရင်းရှိပြိး လက်ရှိ ပြောင်းရွှေ့ဒေသမှာ ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသမှာ အိမ်ထောင်စုစာရင်းလည်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများကိုလည်း အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစီစစ် ရေးကတ်ပြားများ ထုတ်ပေးသွားမှာဖြစ်ကြောင်းနှင့် အသက်(၁၆)နှစ်နှင့် (၁၈)နှစ်ကြား၊ အသက်(၁၈)နှစ် အထက် ကိုင်ဆောင်လက်မှတ်မရှိသူတွေကို ဥပဒေနှင့်အညီ ဆောင်ရွက် ပေးသွား မှဖြစ်ကြောင်း သိရသည်။ ပန်းခင်းစီမံချက် TalkShowအစီအစဉ် ဆွေးနွေးချက်အပြည့်အစုံကို မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန FaceBookPageတွင် ဆက်လက် လွှင်တင်သွားမှာ ဖြစ်ကြောင်းသိရသည်။
ထိန်လင်း-မုံရွာ