ရှမ်းရွာသစ်မြို့၌ မသန်စွမ်းဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်ပြသ

ရှမ်းရွာသစ်   စက်တင်ဘာ ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ဒေသနေပြည်သူများ အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန် အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်ပြီး အသိပညာပေး နံရံကပ် စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မသန်စွမ်းဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ နှာခေါင်းစည်း (Mask) များကို စနစ်တကျ တပ်ဆင်ရေး၊ ကိုဗစ်-၁၉ ရောဂါ လက္ခဏာများစသည့် အသိပညာပေး အကြောင်းအရာများ၊ မသန်စွမ်းသူများ နေ့ ပေါ်ပေါက်လာပုံ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ လူတိုင်းအကျုံးဝင်သော ပညာသင်ယူခွင့်၊ မသန်စွမ်းသူများဖွံ့ဖြိုး တိုးတက်ရေး နိုင်ငံတော်အဆင့်စီမံကိန်းများ၊ မသန်စွမ်းသူများ အခွင့်အရေးပဒေအဓိပ္ပာယ် ဖွင့်ဆိုချက်များစသည့် မသန်စွမ်း ဆိုင်ရာအသိပညာပေး အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ပြသဆောင်ရွက်ပေးထား ကြောင်း သိရှိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)