မကွေးမြို့တွင်းသို့ ဝင်ရောက်မည့် ကုန်တင်ကားကြီးများအနေဖြင့် အောက်တိုဘာလ (၄)ရက် နေ့မှစ၍  အဝေးပြေးကုန်တင်/ကုန်ချ ယာဉ်ရပ်နားစခန်း၌သာ ကုန်တင်/ ကုန်ချပြု လုပ်ခြင်းများ ဆောင်ရွက်ရမည်ဖြစ်

မကွေး စက်တင်ဘာ   ၃၀

 

မကွေးမြို့တွင်းသို့ ဝင်ရောက်မည့် ကုန်တင်ကားကြီးများအနေဖြင့် အောက်တိုဘာလ (၄)ရက်နေ့မှစ၍  အဝေးပြေးကုန်တင်/ကုန်ချ ယာဉ်ရပ်နားစခန်း၌သာ ကုန်တင်/ကုန်ချ ပြုလုပ်ခြင်းများ ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ အသိပေးညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁)နာရီ အချိန်က မကွေးမြို့နယ် စုပေါင်းရုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ အသိပေးညှိနှိုင်းအစည်းအဝေးပြုလုပ်ရာတွင် မကွေးခရိုင် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မကွေးမြို့ အခြေခံကျန်းမာရေးတက္ကသိုလ်အနီးတွင် အဝေးပြေးကုန်တင်ကုန်ချ ယာဉ်ရပ်နား စခန်းအား ကုန်တင်/ကုန်ချ အဆင်ပြေချောမွေ့စွာ ပြုလုပ်နိုင်ရေး စနစ်တကျ စီမံဆောင်ရွက် ထားရှိပြီး ဖြစ်ခြင်း၊ မကွေးမြို့ပေါ်လမ်းများတွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ လမ်းများ ကြံ့ခိုင် ကောင်းမွန်ပြီး သက်တမ်းပြည့်အသုံးပြုနိုင်ရေးတို့အတွက် မကွေးမြို့အတွင်း ကုန်တင်/ကုန်ချ ပြုလုပ်နေသော ကုန်တင်ကားကြီးများအား အဝေးပြေးယာဉ်ကုန်တင်/ကုန်ချယာဉ်ရပ်နားစခန်း အတွင်း၌ အောက်တိုဘာလ (၄)ရက်နေ့မှစတင်၍ ကုန်တင်/ကုန်ချ ပြုလုပ်ခြင်းများ ဆောင်ရွက်နိုင်ရေး၊ ကုန်စည်စီးဆင်းမှု ထိခိုက်မှုမရှိစေရေး အသိပေးညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ကုန်သည်များ၊ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူ များက   ကုန်တင်ယာဉ်ကြီးများမှ ယာဉ်ငယ်များအား ကုန်စည်လွှဲပြောင်း ဆောင်ရွက်ရာတွင် တွေ့ကြုံနိုင်မည့် အခက်အခဲများနှင့်ပတ်သက်၍ အသီးသီး တင်ပြဆွေးနွေးခဲ့ကြရာ မကွေးခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

         

ကိုစည်သူ(မကွေး)