လှိုင်းဘွဲ စက်တင်ဘာ ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံလူတန်းစားများ အခက်အခဲမရှိစေရန်အတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက်ပိုင်းက မော်တော်ယာဉ်ဖြင့် ဆန်၊ ကြက်ဥ၊ ဆီများကို လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
“အခြေခံပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလမှာ သွားလာရေး အခက်အခဲ၊ စီးပွားရေးရော အခက်အခဲရှိတယ်၊ အခြေခံပြည်သူတွေက မိသားစုစားဝတ်နေရေးအတွက် ပူပန်နေရတယ်၊ အခက်အခဲဆုံးပါပဲ၊ ယခုလို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြည်သူတွေအတွက် ဆန်၊ ကြက်ဥ၊ ဆီများကို ဈေးနှုန်းချိုသာစွာ လိုက်လံရောင်းချ တဲ့အတွက် အဆင်ပြေတာပေါ့၊ ဒီထက်မက ဈေးနှုန်းချိုသာတဲ့ အခြားစားသောက်ကုန်များကိုလဲ လိုက်လံရောင်းချပေးစေချင်ပါ တယ်၊ ကျေးဇူးလဲတင်ပါတယ်” လို့ အခြေခံ လူတန်းစားပြည်သူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက အခြေခံပြည်သူများ အနေဖြင့် စားဝတ်နေရေးအခက်အခဲ မရှိစေရန်အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၁)ပြည် ငွေကျပ် ၁၀၀၀/- နှုန်း၊ ကြက်ဥ(၁)လုံးလျှင် ငွေကျပ် ၁၀၀/- နှုန်းနှင့် ဆီတစ်ဘူး (၂၃၀၀) ကျပ်နှုန်းဖြင့် စည်ပင်သာယာမြို့မဈေးရှေ့နှင့် မြို့ပေါ်(၄)ရပ် ကွက်များတွင် မော်တော်ယာဉ်ဖြင့် လိုက်လံ၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)