လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်း များအား ကွင်းဆင်းကြည့်ရှု

လှိုင်းဘွဲ                   -        စက်တင်ဘာ-၃၀

 ကရင်ပြည်နယ် ၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းများအား ရာနှုန်းပြည့်ပြီးစီးမှု အခြေအနေများကို ယမန်နေ့က ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်နှင့်တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်သည် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား တွေ့ဆုံကာ လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ကမော့ကချူးကျေးရွာအုပ်စု၊ ကော့ဝန်းကျေးရွာ ကျေးရွာ မူကြိုကျောင်း(အလျား ၄၀ ပေ၊ အကျယ် ၃၄ ပေ၊ အမြင့် ၁၁ပေ၊ လူထုဗဟိုပြုစီမံကိန်း ရန်ပုံငွေကျပ် (၂၃၀)သိန်း၊ ပြည်သူလူထုထည့်ဝင်ငွေ ၃၈ ဒဿမ ၄၁၄ သိန်းဖြင့် (RC) တည်ဆောက်ခြင်းနှင့် အထက်ရေပူကျေးရွာအုပ်စု၊ ထီးလင်းဝင်းသာ ကျေးရွာ မူလတန်းကျောင်း(အလျား ၆၀ ပေ၊ အကျယ် ၃၀ ပေ၊ အမြင့် ၁၂ ပေ၊ လူထုဗဟိုပြုစီမံကိန်း ရန်ပုံငွေကျပ် (၂၃၂၅)သိန်းဖြင့် (RC) တည်ဆောက်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)