ဘုတ်ပြင်း စက်တင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက် မည့် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုအထိမ်းအမှတ် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို ဘုတ်ပြင်မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးနေလင်းအောင်ဦးစီး၍ တပ်ဖွဲ့ဝင် များက မြို့နယ်ကိုးနဝင်းစေတီ၊ အောင်တော်မူစေတီပေါ်ရှိ ရင်ပြင်တွင် သန့်ရှင်းဆောင်ရွက်ခြင်း၊ သစ်ပင်ချုံနွယ်များ ရှင်းခြင်းကို စုပေါင်းဆောင်ရွက်ခဲ့သည်။
အလားတူ ပြည်ကြီးမဏ္ဍိုင်မြို့ ပြည်သူ့ဆေးရုံနှင့် အခြေခံပညာအလယ်တန်းတွင်လည်းကောင်း၊ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း သက်ဆိုင်ရာနယ်မြေ စခန်းမှူးတို့ကဦးစီး၍ တပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)