တနင်္သာရီ စက်တင်ဘာလ ၂၉
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံ ကုသရေး Centreနှင့် Covid-19 Positive Centre များအတွင်းကိုဗစ်-၁၉ရောဂါပိုးဖြင့် ဆေးဝါးကုသမှုခံယူနေစဉ်ပြန်လည်သက်သာပြီးသတ်မှတ်ကာလပြည့်သော ကိုဗစ်လူနာ (၆)ဦး အား တာဝန်ခံဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်က စက်တင်ဘာလ၂၉ရက်နေ့ နံနက် ၁၁နာရီအချိန်မှစ၍ ဆေးရုံမှ ဆင်းခွင့်ပြုလက်မှတ်ထုတ်ပေး၍ နေအိမ်သို့ပြန်ဆင်းခွင့်ပြုကာ အသွားအလာကန့်သတ်၍ မိမိနေအိမ်တွင်(၇)ရက် Home Quarantine အဖြစ် သီးခြားနေထိုင်ကြရန် အသိပေးမှာကြားထားကြောင်း သိရှိရသည်။
အလားတူ တကူ(စံပြ)တိုက်နယ်ဆေးရုံဖျားနာဆေးခန်း၌ ပြင်ပမှလူနာ(၁၈)ဦးအား တာဝန်ခံဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်မှ ကြီးကြပ်၍ ဓာတ်ခွဲကျွမ်းကျင်(၄)ဒေါ်ဆုလဲ့မွန်မှ Covid-19 Antigen test kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေး ပေးရာ(၁၂)ဦးမှာ ရောဂါပိုးအတည်ပြုတွေ့ရှိရသဖြင့် ဇီဝိတဒါနသံဃဆေးရုံ PositiveCentre ၊အလက(ခွဲ)သံတိုက်ကျောင်း Positive Centre နှင့်အထက(ခွဲ)သာရဘွင်ရွာ PositiveCentre အတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီကျန်းမာရေးစောင့်ကြပ်ပြီး ဆေးဝါးကုသ ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ရောဂါပိုးအတည်ပြုတွေ့ရှိသူများနှင့်အတူနေ ထိစပ်မိသားစုများအား ရောဂါပိုးကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရန် နေအိမ်များကိုLock Down ချ၍ အသွားအလာကန့်သတ်ပြီးစောင့်ကြပ်ကြည့်ရှုထားကြောင်း သိရသည်။
သို့ဖြစ်၍ စက်တင်ဘာလ(၂၉)ရက်နေ့အထိ တကူတိုက်နယ်ဆေးရုံ သီးသန့်လူနာဆောင်၊ သံဃာ့ဆေးရုံ Positive Centre ၊ အလက(ခွဲ)သံတိုက်ကျောင်း Positive Centre နှင့် အထက(ခွဲ) သာရဘွင်ရွာ Positive Centre တို့တွင် ကုသမှုခံယူနေဆဲ ကိုဗစ်-၁၉လူနာဦးရေ စုစုပေါင်း(၈၆)ဦး အထိရှိကြောင်း သိရှိရသည်။
သတင်း၊နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)