သရက်ချောင်းမြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၅၇၈)ဦး ဆေးရုံဆင်းခွင့်ရပြီဖြစ်

သရက်ချောင်း           စက်တင်ဘာ       ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်း မြို့နယ်၌ စက်တင်ဘာ ၂၈ ရက်နေ့အထိ       ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ အတည်ပြု လူနာပေါင်း (၆၄၁)ဦး ရှိပြီး ရောဂါသက်သာပျောက်ကင်း၍ နေအိမ်သို့ ပြန်ခွင့်ရသူ စုစုပေါင်း (၅၇၈)ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။

သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ဖျားခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ အနံ့အရသာ ပျောက်ခြင်းနှင့်   လည်ချောင်းနာခြင်း စသည့်လက္ခဏာများကြောင့် လာရောက်ပြသသည့်ပြင်ပမှ လူနာများအား (တနင်္လာ၊ဗုဒ္ဓဟူး နှင့်သောကြာနေ့)များတွင် တာဝန်ခံဆရာဝန် ဒေါက်တာဝင်းဇော်ဦး၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT(Test-Kit)ဖြင့် အပတ် စဉ်စစ်ဆေး ပေးလျက် ရှိ ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်၁၉ရောဂါပိုးအတည်ပြုလူနာများအား မြို့နယ်အားကစား ခန်းမနှင့် ပြည်သူ့ဆေးရုံနေ ရာများတွင် ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးဝါး ကုသမှု ခံယူနေစဉ် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူများအား ဆေးရုံဆင်းခွင့်ပြုခဲ့သူများအား မိမိနေအိမ်တွင်လည်း Home Quarantine  (၇)ရက်တိတိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ သီးခြား နေထိုင်ကြရန် သတိပေးမှာကြားခြင်းများကို ဆောင်ရွက်လျက် ရှိသည်။

သရက်ချောင်း မြို့နယ်တွင်  စက်တင်ဘာ(၂၈)ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြု လူနာ (၆၄၁)ဦး၊ ဆေးဝါးကုသမှုခံယူနေသူ (၂၇)ဦး၊ သေဆုံးသူ(၃၃)ဦး၊ ကျန်းမာရေးပြန်လည် ကောင်းမွန်၍ ဆေးရုံ ဆင်းခွင့် ရရှိသူ (၅၇၈)ဦးရှိပြီဖြစ်ကြောင်း  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန် ရေးကော် မတီထံမှသိရသည်။

ကေခိုင်ဝင်း(သရက်ချောင်း)