သရက်ချောင်း စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေး ကြရန် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကိုယနေ့ နေ့လည် (၁)နာရီအချိန်မှစ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးနှိုးဆော်မှုဆောင်ရွက်ရာတွင် နေအိမ်အတွင်း၌သာ နေထိုင်ရန်၊ အိမ်တွင်ဧည့်သည် လက်ခံခြင်း လုံးဝ မပြုရန်နှင့်မိမိကိုယ်တိုင်လည်းဧည့်သည်အဖြစ်သွားရောက် ခြင်းလုံးဝမပြုရန်၊နေအိမ် ပြင်ပသို့ မဖြစ်မနေထွက်ခွါပါက (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါဝေဒ နာရှင်များရှိရာနေအိမ်များသို့ ဝင်ထွက် သွားလာခြင်းဂရုပြုရန်၊ လေဝင်လေ ထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကျဉ်ရန်၊တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊လက်ကို ဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောရန်၊ (Mask) နှာခေါင်းစည်း မတပ်ဆင်ထားသော ဈေးရောင်းချသူများထံမှ ဈေးမဝယ်ကြရန်၊ စားသောက်ဆိုင်များ၊လက်ဖက် ရည်ဆိုင်များမှ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊အသုံးပြုပြီးသော (Mask)နှင့် တစ်ခါသုံး ပစ္စည်းများကိုနေအိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ရန်၊အဝတ် အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုမီအိမ်သားများနှင့် အနီးကပ်ရှောင်ကျဉ်ရန် စသည်တို့ကို အသိပညာပေး နှိုးဆော်ခဲ့ကြောင်းသိရ သည်။
ထို့အပြင်မိမိအနေဖြင့်ရောဂါပိုးကူးစက်ခံရသည်ဟုသံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနသို့သွား ရောက်၍ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါပိုးကူးစက်ပြန့်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့် လည်းကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များကိုစနစ်တကျပူးပေါင်းပါဝင်ဆောင် ရွက်ပေးကြရန်တို့ကိုအသိပညာပေးနှိုး ဆော်တိုက်တွန်း ခဲ့ကြောင်းသိရှိရသည်။
ကေခိုင်ဝင်း(သရက်ချောင်း)