လပွတ္တာမြို့နယ်တွင် မျိုးစေ့ထုတ်တောင်သူ(၆၅)ဦးအား ဓာတ်မြေဩဇာများ အခမဲ့ ထောက်ပံ့ပေးအပ်

လပွတ္တာ    စက်တင်ဘာ   ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ မျိုးသန့်စပါးစိုက်ပျိုးမှု စနစ်တကျရှိရေးနှင့် အထွက်နှုန်းကောင်းစေရေးအတွက် ရည်ရွယ်၍ မျိုးစေ့ထုတ် တောင်သူထံသို့ (၆၅)ဦးထံသို့ ဓာတ်မြေဩဇာ အခမဲ့ထောက်ပံ့ပေးအပ်ပွဲကို လပွတ္တာမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန နည်းပညာပြန့်ပွားရေးစင်တာ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က အမှာစကားပြောကြားခဲ့ပြီး လပွတ္တာမြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးမျိုးအောင်က "ယခုလိုပြုလုပ်ရခြင်းမှာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်၏ ညွှန်ကြားချက်၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးမှူး၏ ဦးဆောင်မှု၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် စပါးစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးသန့်စပါးအထွက်နှုန်း ကောင်းစေရန်အတွက်  ပြုလုပ်ရခြင်းဖြစ် ကြောင်း"   ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မျိုးစေ့ထုတ် တောင်သူ(၆၅)ဦး၏ စိုက်ပျိုးဧက(၄၉၀)ဧက၊ ကျေးရွာအုပ်စု(၂၀)တွင် အသုံးပြုနိုင်ရန် ဓာတ်မြေဩဇာများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြပြီး အခမ်းအနားသို့ ခရိုင်/မြို့နယ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး နှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိုးစပါးမျိုးစေ့ထုတ်တောင်သူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

လပွတ္တာ ခရိုင်(ပြန်/ဆက်)