မအူပင်မြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိ

မအူပင် စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်မှစတင်၍ မြို့နယ် မွေးမြူရေးနှင့်ကုသရေ းဦးစီးဌာရုံးတွင် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ အောင်နိုင်သိန်းနှင့် ဝန်ထမ်းများက ခွေးရူးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အသက်ဆုံးရှုံးစေသည့် ရောဂါဖြစ်သောကြောင့် မိမိမွေးမြူထားသော ခွေးများကို ခွေးရူးရောဂါ ကာကွယ်ဆေး ကြိုတင်ထိုးနှံခြင်းဖြင့် ခွေးရူးရောဂါ ကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် မအူပင်မြို့နယ်အတွင်းရှိ မွေးမြူထားသော ခွေးများအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးရန် ဆေး(၅၀)လုံးရရှိ၍ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

ခရိုင်ပြန်/ဆက်(မအူပင်)