မြန်အောင် စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၏လမ်းညွှန်မှု၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန အစီအ စဉ်ဖြင့် ၂၀၂၁ ခုနှစ် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေး အပ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမြင့်အောင်တို့က မျိုးစေ့ထုတ်တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြပြီး မျိုးစေ့ထုတ်တောင်သူများကို ဓာတ်မြေ ဩဇာများပေးအပ်ခဲ့ကြသည်။
မြန်အောင်မြို့နယ်အတွင်း ကျေးရွာအုပ်စု(၂၃)အုပ်စုရှိ တောင်သူ(၉၀)ဦး၏ ဧက(၃၀၀) အတွက် ဓာတ်မြေ ဩဇာအိတ် (၁၅၀) ကို ဆင်းသုခမိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ဖြန့်ဝေပေးကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရ သည်။
ဝင်းဗိုလ်( ပြန်ဆက်၊ မြန်အောင် )