ကြံခင်းမြို့တွင် (၅၇)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်ဘုရား ပုရဝဏ်အတွင်းအပြင်နှင့် ဆေးရုံများတွင် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်

ကြံခင်း   စက်တင်ဘာ   ၂၉

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် အောက်တိုဘာလ()ရက်နေ့တွင် ကျရောက်မည့် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန်နှင့် မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများကင်းဝေးစေရန် ယမန်နေ့နံနက်()နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကြံခင်းမြို့နယ် ရဲတပ်ဖွဲ့မှုးယာယီရဲမှုး ကျော်ကိုကိုဦးဆောင်ပြီး မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများမှ ကြံခင်းမြို့တာကြီးတန်းရှိ အောင်မင်းခေါင်းဘုရားရောင်ခြည်တော်ဖွင့်ခြင်း၊ ဘုရားပုရဝဏ်အတွင်း/ အပြင်တံမြက်စည်း လှည်းခြင်း၊ သန့်ရှင်းရေးများဆောင်ရွက်ခြင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြုံနွယ်များ ရှင်းလင်း ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ ကြံခင်းမြို့နယ်ဘက်ရဲမြို့အမှတ်()ရပ်ကွက် ဆေးရုံလမ်းရှိ ဘက်ရဲတိုက်နယ်ဆေးရုံဝန်းအတွင်း ပေါင်းမြက်များကို ဘက်ရဲ့နယ်မြေစခန်းမှုး ရဲအုပ်ပြည့်ဖြိုးမြင့်ဦးဆောင်ပြီး ဘက်ရဲနယ်မြေရဲတပ်ဖွဲ့မိသားစုများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များက ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိ ရသည်။

မိုးမိုး(ပြန်/ဆက်)