ဒေးဒရဲမြို့နယ်တွင် ပန်းခင်းစီမံချက်နှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ

ဒေးဒရဲ စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန ဒေးဒရဲ မြို့နယ်ရုံးမှ ယမန်နေ့က မြို့တွင်းလူစည်ကားရာနေရာများတွင် ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့်လက်ကမ်း စာစောင် များအားအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လူမှု့ဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသောပန်းခင်းစီမံချက်လုပ်ငန်းများကို ပြည်သူများကျယ် ကျယ်ပြန့်ပြန့်သိရှိလာစေရန် ရည်ရွယ်၍ ယခုလိုဖြန့်ဝေရခြင်း ဖြစ်ကြောင်း မြို့နယ်လဝက ဦးထွန်းငြိမ်းကပြောသည်။

ထိုသို့ ဖြန့်ဝေရာတွင် မြို့နယ်ဦးစီးမှူးဦးထွန်းငြိမ်းနှင့်ဝန်ထမ်းများက လမ်းသွားလမ်းလာ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိ စေရေးအတွက် ရပ်ကွက်၊ ကျေးရွာများအရောက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေကြောင်း အိမ်ထောင်စုစာရင်း မရှိသူများ၊ နိုင်ငံသားကတ် မရှိသူများ၊ ရပ်/ကျေးအုပ်ချုပ် ရေးမှူးရုံးမှ စာရင်းလာရောက်ကောက်ချိန်တွင် မှန်မှန်ကန်ကန် စာရင်းပေးသွင်းခြင်းဖြင့် အချိန်တိုတိုအတွင်း အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားကတ်ရရှိ မည်ဖြစ်ကြောင်း၊ နိုင်ငံသားကတ်မှတ်ပုံတင်ရှိခြင်းကြောင့် မိမိတို့၏လူမှုရေး အလုပ်အကိုင်ရရှိရေး သွားလာရေး၊ ပညာရေးစသည့် လူမှုဘဝမြှင့်တင်နိုင်မည်ဖြစ်ကြောင်း စီမံချက်နှင့် ပတ်သက်သည့်စသည့် သိမှတ်ဖွယ်ရာများပါရှိသည့် လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အေဇာလင်း၊ ပြန်ဆက်